ကျနော် Laptopတစ်လုံးနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ စိတ်ကူးမိလိုက်တယ်။ ဘာလို့လဲ ဆိုတော့ ကွန်ပျူတာကို ငယ်ငယ်လေးကတည်းက ကျနော်ကြိုက်ခဲ့တယ်။ အချက်လက်တွေ ရှာဖွေရတာ စုဆောင်းရတာ စူးစမ်းစပ်စုရတာတွေလည်း ကျနော်ကြိုက်တာကို ကိုယ့်ကိုယ်ကို သတိထားမိတယ်။ စာဖတ်ရတာလည်းကြိုက်တယ်။ Codeတွေကို လည်းစိတ်ဝင်စားတယ်။ Codeရေးတတ်ချင်တယ်။ Video တွေလည်း ရိုက်ချင်တယ်။ တင်ချင်တယ်။ စာတွေလည်း ရေးချင်တယ်။ အဲဒါကြောင့်မို့လို့ အဲဒါတွေကို လုပ်လို့ရမယ့် အရမ်းကို အဆင်ပြေနိုင်တဲ့ Laptopတစ်လုံးနဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့ အလုပ်ကိုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။
ဘယ်လိုတွေ Planning ချမလဲ?ဆိုတာ Chat Ai တွေကို သွားမေးကြည့်ထားတယ်။ အခုကျနော်လုပ်နေတဲ့ စတီးလုပ်ငန်းအလုပ်လည်း ရှိတော့ အလုပ်မထွက်ခင်မှာ သင်ယူစရာတွေကို သင်ယူထားဖို့ စလုပ်ဖို့ လုပ်နေပါပြီ။ တွေးမိတာတစ်ခုက ကျနော်တို့ တစ်နေရာရာ တော်နေရမယ်မဟုတ်လား ? ကျနော်သည်လည်းပဲ တစ်နေရာရာမှာ ထူးခြားရမှာပေါ့။
J Mon (TKT)
.png)
No comments:
Post a Comment