Sunday, May 18, 2025

တိုးတက်ခြင်းရဲ့လမ်းစ

     တိုးတက်ခြင်းရဲ့ လမ်းစလို့ ပြောရမှာပေါ့။ ကျနော်နေ့တိုင်းပဲ စဥ်းစားနေမိတယ်။ ကျနော်ဘာလုပ်ရင်‌ကောင်းမလဲ ? ကျနော့်ရဲ့ ရည်မှန်းချက်ကဘာလဲ ? မြန်မာပြည်ပြန်ပြီး ဘာလုပ်ရင်ကောင်းမလဲ ? အလုပ်လုပ်နေရပေမဲ့ အလုပ်မဟုတ်သလို ကိုယ်တကယ်စိတ်ပါလက်ပါလုပ်ချင်တာ ထမင်းမေ့ဟင်းမေ့ လုပ်နိုင်တဲ့အလုပ် ဘယ်လိုအရာမျိုးလဲပေ့ါ စဥ်းစားနေမိတယ်။ ဒီနေ့မှာတော့ ခေါင်းထဲ တဖွားဖွားပေါ်လာသလို ခံစားလိုက်ရတယ်။ 
     ကျနော် Laptopတစ်လုံးနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ စိတ်ကူးမိလိုက်တယ်။ ဘာလို့လဲ ဆိုတော့ ကွန်ပျူတာကို ငယ်ငယ်လေးကတည်းက ကျနော်ကြိုက်ခဲ့တယ်။ အချက်လက်တွေ ရှာဖွေရတာ စုဆောင်းရတာ စူးစမ်းစပ်စုရတာတွေလည်း ကျနော်ကြိုက်တာကို ကိုယ့်ကိုယ်ကို သတိထားမိတယ်။ စာဖတ်ရတာလည်းကြိုက်တယ်။ Codeတွေကို လည်းစိတ်ဝင်စားတယ်။ Codeရေးတတ်ချင်တယ်။ Video တွေလည်း ရိုက်ချင်တယ်။ တင်ချင်တယ်။ စာတွေလည်း ရေးချင်တယ်။ အဲဒါကြောင့်မို့လို့ အဲဒါတွေကို လုပ်လို့ရမယ့် အရမ်းကို အဆင်ပြေနိုင်တဲ့ Laptopတစ်လုံးနဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့ အလုပ်ကိုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ 
     ဘယ်လိုတွေ Planning ချမလဲ?ဆိုတာ Chat Ai တွေကို သွားမေးကြည့်ထားတယ်။ အခုကျနော်လုပ်နေတဲ့ စတီးလုပ်ငန်းအလုပ်လည်း ရှိတော့ အလုပ်မထွက်ခင်မှာ သင်ယူစရာတွေကို သင်ယူထားဖို့ စလုပ်ဖို့ လုပ်နေပါပြီ။ တွေးမိတာတစ်ခုက ကျနော်တို့ တစ်နေရာရာ တော်နေရမယ်မဟုတ်လား ? ကျနော်သည်လည်းပဲ တစ်နေရာရာမှာ ထူးခြားရမှာပေါ့။ 

J Mon (TKT)



တိုးတက်ခြင်းရဲ့လမ်းစ

     တိုးတက်ခြင်းရဲ့ လမ်းစလို့ ပြောရမှာပေါ့။ ကျနော်နေ့တိုင်းပဲ စဥ်းစားနေမိတယ်။ ကျနော်ဘာလုပ်ရင်‌ကောင်းမလဲ ? ကျနော့်ရဲ့ ရည်မှန်းချက်ကဘာလဲ ? မြ...