Sunday, May 18, 2025

တိုးတက်ခြင်းရဲ့လမ်းစ

     တိုးတက်ခြင်းရဲ့ လမ်းစလို့ ပြောရမှာပေါ့။ ကျနော်နေ့တိုင်းပဲ စဥ်းစားနေမိတယ်။ ကျနော်ဘာလုပ်ရင်‌ကောင်းမလဲ ? ကျနော့်ရဲ့ ရည်မှန်းချက်ကဘာလဲ ? မြန်မာပြည်ပြန်ပြီး ဘာလုပ်ရင်ကောင်းမလဲ ? အလုပ်လုပ်နေရပေမဲ့ အလုပ်မဟုတ်သလို ကိုယ်တကယ်စိတ်ပါလက်ပါလုပ်ချင်တာ ထမင်းမေ့ဟင်းမေ့ လုပ်နိုင်တဲ့အလုပ် ဘယ်လိုအရာမျိုးလဲပေ့ါ စဥ်းစားနေမိတယ်။ ဒီနေ့မှာတော့ ခေါင်းထဲ တဖွားဖွားပေါ်လာသလို ခံစားလိုက်ရတယ်။ 
     ကျနော် Laptopတစ်လုံးနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ စိတ်ကူးမိလိုက်တယ်။ ဘာလို့လဲ ဆိုတော့ ကွန်ပျူတာကို ငယ်ငယ်လေးကတည်းက ကျနော်ကြိုက်ခဲ့တယ်။ အချက်လက်တွေ ရှာဖွေရတာ စုဆောင်းရတာ စူးစမ်းစပ်စုရတာတွေလည်း ကျနော်ကြိုက်တာကို ကိုယ့်ကိုယ်ကို သတိထားမိတယ်။ စာဖတ်ရတာလည်းကြိုက်တယ်။ Codeတွေကို လည်းစိတ်ဝင်စားတယ်။ Codeရေးတတ်ချင်တယ်။ Video တွေလည်း ရိုက်ချင်တယ်။ တင်ချင်တယ်။ စာတွေလည်း ရေးချင်တယ်။ အဲဒါကြောင့်မို့လို့ အဲဒါတွေကို လုပ်လို့ရမယ့် အရမ်းကို အဆင်ပြေနိုင်တဲ့ Laptopတစ်လုံးနဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့ အလုပ်ကိုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ 
     ဘယ်လိုတွေ Planning ချမလဲ?ဆိုတာ Chat Ai တွေကို သွားမေးကြည့်ထားတယ်။ အခုကျနော်လုပ်နေတဲ့ စတီးလုပ်ငန်းအလုပ်လည်း ရှိတော့ အလုပ်မထွက်ခင်မှာ သင်ယူစရာတွေကို သင်ယူထားဖို့ စလုပ်ဖို့ လုပ်နေပါပြီ။ တွေးမိတာတစ်ခုက ကျနော်တို့ တစ်နေရာရာ တော်နေရမယ်မဟုတ်လား ? ကျနော်သည်လည်းပဲ တစ်နေရာရာမှာ ထူးခြားရမှာပေါ့။ 

J Mon (TKT)



Tuesday, November 19, 2024

ကိုယ့်ကိုကိုယ်ညာေနမိတာလား ?

 ကျနော့်အ‌နေနဲ့ ကိုယ့်ဘဝကိုယ်ပြန်သုံးသပ်မိတော့ ကျနော်သည် ဘယ်နေရာမှာမှ တော်မနေခဲ့ဘူးပဲ ဆိုတာ သိလိုက်ရတယ်။ စာတွေအများကြီးလည်းဖတ်ခဲ့ပါတယ်။ အသုံးမချခဲ့မိတာလား ? အခုတောင် အသက်က ၃၁နှစ်ဖြစ်နေပြီ ဘဝရဲ့ပန်းတိုင်ကိုတောင် ဝေဝါးနေတုန်း ထွေပြားနေတုန်း ရှာဖွေနေတုန်း ။ ဟိုလိုလို သည်လိုလိုနဲ့ ကိုယ့်ကိုကိုယ် နှစ်သိမ့်နေခဲ့မိတယ်။ အစီအစဥ်တွေပဲ ချနေခဲ့မိတယ်။ အကောင်ထည်ဖော်ခဲ့တယ် ။ သို့ပေမဲ့ အစွမ်းကုန်ဟုတ်မနေဘူး လျော့တိလျော့ရဲ ပဲလုပ်ခဲ့တယ်။ အသေအလဲကြိုးစားခဲ့တာရှိပေမဲ့ အများအားဖြင့် သူလိုငါလိုပဲ နေထိုင်ရှင်သန်နေတယ်။ မဖြစ်သေးဘူး ။ ငါ့ ဘဝကို ကောင်းကောင်းပုံဖော်ဖို့ အချိန်ရောက်ပြီ။ 

ငါဘာလုပ်မလဲ ? ငါဘာလုပ်ရမလဲ ? ငါဘာလုပ်ချင်လဲ ? ငါဘာတွေလုပ်ဖို့လိုလဲ ? 

သေချာတာတစ်ခုကတော့ Laptop တစ်လုံး ကင်မရာတစ်လုံး နဲ့ ဘဝကိုရပ်တည်နိုင်တဲ့သူဖြစ်ချင်တယ်။


Thursday, November 14, 2024

 ဒီနေ့  2024, November လ 15 ရက်နေ့ မနက် 01:20 AM မှာ ကျနော့်ရဲ့ Blog ကို စတင်ခဲ့တယ်။

ရည်ရွယ်ချက်ကတော့ ကျနော့်ဘဝရဲ့ မှတ်တမ်းတွေ အဖြစ်အပျက်တွေကို ရေးသားမှတ်သားဖို့ပါ။ စာရေးတာကိုလည်း များများရေးနိုင်ဖို့ တွန်းအားတစ်ခုဖြစ်မယ်လို့လည်း မျှော်လင့်မိပါတယ်။ 


တိုးတက်ခြင်းရဲ့လမ်းစ

     တိုးတက်ခြင်းရဲ့ လမ်းစလို့ ပြောရမှာပေါ့။ ကျနော်နေ့တိုင်းပဲ စဥ်းစားနေမိတယ်။ ကျနော်ဘာလုပ်ရင်‌ကောင်းမလဲ ? ကျနော့်ရဲ့ ရည်မှန်းချက်ကဘာလဲ ? မြ...