ကျနော့်အနေနဲ့ ကိုယ့်ဘဝကိုယ်ပြန်သုံးသပ်မိတော့ ကျနော်သည် ဘယ်နေရာမှာမှ တော်မနေခဲ့ဘူးပဲ ဆိုတာ သိလိုက်ရတယ်။ စာတွေအများကြီးလည်းဖတ်ခဲ့ပါတယ်။ အသုံးမချခဲ့မိတာလား ? အခုတောင် အသက်က ၃၁နှစ်ဖြစ်နေပြီ ဘဝရဲ့ပန်းတိုင်ကိုတောင် ဝေဝါးနေတုန်း ထွေပြားနေတုန်း ရှာဖွေနေတုန်း ။ ဟိုလိုလို သည်လိုလိုနဲ့ ကိုယ့်ကိုကိုယ် နှစ်သိမ့်နေခဲ့မိတယ်။ အစီအစဥ်တွေပဲ ချနေခဲ့မိတယ်။ အကောင်ထည်ဖော်ခဲ့တယ် ။ သို့ပေမဲ့ အစွမ်းကုန်ဟုတ်မနေဘူး လျော့တိလျော့ရဲ ပဲလုပ်ခဲ့တယ်။ အသေအလဲကြိုးစားခဲ့တာရှိပေမဲ့ အများအားဖြင့် သူလိုငါလိုပဲ နေထိုင်ရှင်သန်နေတယ်။ မဖြစ်သေးဘူး ။ ငါ့ ဘဝကို ကောင်းကောင်းပုံဖော်ဖို့ အချိန်ရောက်ပြီ။
ငါဘာလုပ်မလဲ ? ငါဘာလုပ်ရမလဲ ? ငါဘာလုပ်ချင်လဲ ? ငါဘာတွေလုပ်ဖို့လိုလဲ ?
သေချာတာတစ်ခုကတော့ Laptop တစ်လုံး ကင်မရာတစ်လုံး နဲ့ ဘဝကိုရပ်တည်နိုင်တဲ့သူဖြစ်ချင်တယ်။